တွင်ကျယ်လာတဲ့ ပြည်သူ့လုံခြုံရေးစနစ်ရဲ့ အကျိုးကျေးဇူးများ

မတ်လ ၇ ရက် နေ့လည်ပိုင်းအချိန်က တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များသည် ကျိုင်းတောင်းမြို့၏ အနောက်ဘက် မီတာ ၄၀၀၀ အကွာ ဟိုတတံတားတွင် ပိတ်ဆို့ရှာဖွေရာ မိုးနဲမြို့သို့ ထွက်ခွာမည့် ကားတစ်စီးပေါ်မှ တရားခံ ၂ ဦးနဲ့အတူ အောက်ပါလက်နက်များ ဖမ်းဆီးရမိခဲ့ -(၁) ပွိုင့်-22 သေနတ် ၁ လက်(၂) ဝင်ချက်စတာ သေနတ် ၁ လက်(၃) တရုတ်သေနတ် ၁၃ လက်(၄) ပစ္စတို ၁၁ လက်(၅) လေယာဉ်ပစ်စက်သေနတ် ၁ လက်(၆) ခဲယမ်းပုံး ၁၉ ပုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ယခုလို ဖမ်းဆီးရမိရေး လျှို့ဝှက်သတင်းပေးခဲ့သည့် ပြည်သူအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့ကြောင်းလည်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *