ဝါရှင်တန်မြန်မာသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျော်စွာထွန်းဆိုသူက နီးပိန်းတစ်သိုက် ဝိုင်းပြီးမြှောက်ပေးလို့ DCS(CDM) လုပ်သွားတယ်။
DCS(CDM) လုပ်ချိန်မှာ နီပိန်းတသိုက်က သူရဲကောင်းလို ကြိုဆိုခဲ့ကြပေမဲ့ အခုချိန်မှာတော့ အိမ်ရှင်အမေရိကန် နိုင်ငံကလည်း asylum လုပ်ခွင့်မပေး၊ မြန်မာအသိုင်းအဝိုင်းကလည်း အသုံးချဖို့မလိုတော့လို့ ပစ်ထားနဲ့ ဒုက္ခပေါင်းစုံကြုံနေရပြီ။
ခုတော့ အမေရိကန်မှာ စားစရာမရှိ၊ နေစရာမရှိလို့ မွေးမြူရေးခြံမှာ အောက်ခြေအလုပ်လုပ်ဖို့တောင် အသနားခံရတဲ့ဘဝရောက်နေပြီ။ နေမကောင်းဖြစ်ချိန်မှာတောင် ဆေးကုဖို့ပိုက်ဆံမရှိ၊ လာသတင်းမေးမဲ့သူမရှိနဲ့ ဖြစ်နေတဲ့ ဘဝပါ။ အခမဲ့ပညာရေးရှိတဲ့ နိုင်ငံမှာတောင် သားသမီးကို ကျောင်းမထားနိုင်ဘဲ ကျောင်းထုတ်ထားရတဲ့ ဘဝမျိုးအထိ ကြုံနေရပါတယ်။ တချိန်ချိန်မှာတော့ လောကကြီးထဲကနေ လူမသိ၊ သူမသိ ပျောက်သွားရတော့မဲ့ အခြေအနေပါ။
CDM လုပ်တုန်းက တင်တဲ့ post မှာ ဝမ်းသာအားရထောက်ခံခဲ့ကြပြီး like 4k ၊ comment 1k ၊ share 1.1k ရခဲ့ပေမယ့် ဆေးဖိုးမရှိလို့ အသနားခံတဲ့ post နဲ့ အလုပ်မရှိလို့ မွေးမြူရေးခြံအလုပ်ရှာတဲ့ post တွေမှာတော့ like 40 လောက်ပဲရှိတော့တာကိုကြည့်ရင် အခြေအနေမှန်ကို မြင်နိုင်ပါတယ်။
ပြည်ပြေး၊ ပြည်ဖျက်တွေရဲ့စကား နားယောင်ပြီး နိုင်ငံတော်အပေါ်မှာသစ္စာဖောက်ရင် ကိုယ်နဲ့ကိုယ့်မိသားစုပဲ ဘဝပျက်မယ်၊ လမ်းဘေးရောက်မယ်ဆိုတာ ဒါကသက်သေပဲ။
မှိုင်းဝေ


