မြန်မာ MMA ကစားသမား ဂျိုရှူအာဗန်က ပြိုင်ဘက်ဖြစ်သူ ဂျပန်နိုင်ငံသားအမှတ်ဖြင့်အနိုင်ရ

UFC 313 ၏ ဖလိုင်းဝိတ်တန်းပွဲစဉ်တွင် မြန်မာ MMAကစားသမား ဂျိုရှူအာဗန်က ပြိုင်ဘက်ဖြစ်သူ ဂျပန်နိုင်ငံသား ဆူရူယကို အငြင်းပွားဖွယ်မရှိ အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ဒိုင်လူကြီး သုံးဦးစလုံးက ဂျိုရှူအာဗန်ကို ၃၀-၂၇၊ ၃၀-၂၇၊ ၃၀-၂၇ မှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ဂျိုရှူအာဗန်(၂၃ နှစ်)အနေဖြင့် UFC တွင် ခုနစ်ပွဲထိုးသတ်ရာ ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံးမှတ်တမ်း ရရှိထားသည်။

Photo: ESPN MMA

Leave a Reply

Your email address will not be published. Required fields are marked *