မြန်မာ-ဘီလာရုစ်စီးပွားရေးဖိုရမ်၌ နားလည်မှုစာချွန်လွှာ(၁၄)ခု ရေးထိုးနိုင်ခဲ့

မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာ  စီးပွားရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(၈)ခုနဲ့ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(၆)ခု စုစုပေါင်း (၁၄)ခု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောပါတယ်။

UMFCCI နဲ့ BelCCI တို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တဲ့အထဲမှာ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ ထွန်စက်ထုတ်လုပ်ရေး၊ ထရက် တာတွေထုတ်လုပ်ရေး၊ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်ရေး၊ ဒိန်ခဲနဲ့ချိစ်တွေထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်လုပ်ရေး အစရှိတာတွေအပါအဝင် စီးပွားရေးဆိုင်ရာလုပ်ငန်း(၈)မျိုးနဲ့ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (၆)ခုတို့ပါဝင်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *