မတ်လ ၆ ရက် (ယနေ့) မနက်ပိုင်းအချိန်တွင် တနိုင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် KIA စခန်းကုန်းအား တပ်မတော်+ဝါရာဇွပ်ပြည်သူ့စစ် စစ်ကြောင်းများက တိုက်ခိုက်ခဲ့ရာ မနက် ၆ နာရီ ၁၅ မိနစ်တွင် ပွိုင့်-၂၉၈ ကာကင်းကုန်းအားလည်းကောင်း၊ မနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ပင်မကုန်းအားလည်းကောင်း မိနစ်(၃၀)အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) KIA အလောင်း ၁ လောင်း
(၂) K-25 သေနတ် ၁ လက်
(၃) Drop Bomb ၉၆ လုံး
(၄) ဘီဇူကာ ၆ လုံး
(၅) လက်ပစ်ဗုံး ၈ လုံး
(၆) Remote မိုင်း ၈ လုံး
(၇) ကျည်မျိုးစုံ ၆၈၈ တောင့်
(၈) ကျည်ကာဦးထုပ် ၉ လုံး၊ ကျည်ကာ ၂ ထည်
(၉) ရှေ့ထွက်မိုင်း ၁ လုံး
(၁၀) StarLink ၁ လုံး
(၁၁) ကာမီကာဇီ Drone ၁ စီး
(၁၂) ပစ်ကျင်း/ဘန်ကာများ
(၁၃) တဲ/ ဆသရမြောင်းများ သိမ်းပိုက်ရရှိခဲ့ပါသည်။
တပ်မတော်သားများနှင့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဖော်ပြပေးလိုက်ပါသည်။







