မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်ထဲက မြန်မာနှင့်ရုရှား

ရုရှားနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် မတ် ၄ ရက်ညနေပိုင်းက မော်စကိုမြိုရှိခရမ္မလင် နန်းတော်၌ သမ္မတ H.E. Vladimir Vladimirovich Putin နှင့်သီးခြားတွေ့ဆုံခဲ့သည်။

-ထိုသို့တွေ့ဆုံစဉ် နစကဥက္ကဋ္ဌမှ ဗုဒ္ဓမြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက ဗျာဒိတ်ပေးဟောကြားတော်မူခဲ့သည့် ဗုဒ္ဓဘာသာစာအုပ်အား သမ္မတ H.E. Vladimir Vladimirovich Putin ထံပေးအပ်၍ ဗျာဒိတ်တော်အရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာမည်ဟု ပြောကြားခဲ့သည်။

-မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်ပါ ဗုဒ္ဓဘာသာစာအုပ်သည် မဟာဘိသက္က ပဏ္ဍိတ ဘွဲခံ ပါဠိဆရာကြီးဦးစောရေးသော ဦးအောင်ဇေယျ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပြီး ဗျာဒိတ်တော်သည် စာ မျက်နှာ ၄၈ တွင်ပါရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *