ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အိမ်ဖြူတော်တွင် အခြေအတင်ဖြစ်ခဲ့ပြီးနောက် ယူကရိန်းသို့ပိုဆောင်နေသော စစ်ရေးအကူအညီများအားလုံး ရပ်တန့်ရန် ထရမ့်အမိန့်ထုတ်ပြန်လိုက်ပြီး အမိန့်တွင် ပိုဆောင်ဆဲ အထောက်အပံ့များနှင့် ပိုလန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှ အထောက်အပံ့များလည်း ရောက်သည့်နေရာတွင် ရပ်တန့်ရမည်ဖြစ်ကြောင်းသိရပါတယ်။
အိမ်ဖြူတော်အနေဖြင့် ငြိမ်းချမ်းရေးကို အာရုံစိုက်နေပြီး အဖြေတစ်ခုထွက်ပေါ်သည်အထိ စစ်ရေး အကူအညီများခေတ္တ ရပ်နားကာ ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ထားကြောင်းလည်းသိရပါတယ်။ #crd
