ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဥရောပသမဂ္ဂ နှောင့်ယှက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးမှပြော

ဥရောပသမဂ္ဂသည် ရုရှားကိုဆက်လက်တိုက်ခိုက်ရန် ယူကရိန်းကို တွန်းအားပေးခြင်းဖြင့် ယူကရိန်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကိုနှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြား ခဲ့သည်။

ဆာဂေးလာရော့ဗ်က ‘‘ယူကရိန်းပဋိပက္ခနဲ့ပတ်သက်တဲ့နိုင်ငံရေးအခင်းအကျင်းတွေ စတင်ပြောင်းလဲလာတာနဲ့ တစ်ပြိုင်နက် ဥရောပသမဂ္ဂဟာ အဲဒီလမ်းကြောင်းကို ပျက်ပြားစေဖို့ ကြိုးပမ်းမှုတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ ပါတယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းအတွက် ကြီးမားတဲ့စစ်ရေးအကူအညီ ပက်ကေ့ချ်အသစ်တွေကို ထုတ်ပြန် ကြေညာပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု ပြောခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *