၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တိုက်ပွဲသတင်းထုတ်ပြန်ချက်

မိုးဗြဲ

မိုးဗြဲမြို့နယ်၊ ပြောင်းတင်အနီးဝန်းကျင်အား နယ်မြေရှင်းလင်းရာ အကြမ်းဖက် KNDF/PDF ၂၀ ဦးဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူမှာ အလောင်းများဆွဲ၍ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ။( ရန်သူ့အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၃ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရရှိ )

မိုးဗြဲမြို့၊ သစ်ရာကုန်းရပ်ကွက်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် KNDF/PDF ၂၀ ဦးခန့်ဖြင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရ။( ရန်သူ့အလောင်း ၁ လောင်း၊ M-16 ၁ လက်၊ အိုင်ကွန် ၁ လုံး၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရရှိ)

လွိုင်ကော်

လွိုင်ကော်မြို့၊ လင်ဖုန်းလေးရွာအနီးတွင် နယ်မြေရှင်းလင်းစဉ် KNPP/KNDF ၁၅ ဉီးခန့်ဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ။ ( ရန်သူ့ထံမှ သေနတ် ၂ လက်၊ ဗုံးပစ်လောင်ချာ ၁ လက် သိမ်းဆည်းရရှိ )

လှိုင်းဘွဲ

လှိုင်းဘွဲမြို့နယ်အတွင်းရှိ တပ်မတော်ခြေကုပ်စခန်းတစ်ခုအား အကြမ်းဖက် KNU တမဟ(၅) အဖွဲ့မှ အင်အား ၇၀ ဦးခန့် လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားကာ ရန်သူမှာ အလောင်းများ ဆွဲ၍ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ။( ရန်သူ့အလောင်း ၂ လောင်း၊ ဗုံးပစ်လောင်ချာ ၁ လက်၊ အိုင်ကွန်/ ဖုန်းများ သိမ်းဆည်းရရှိ )

ကော့ကရိတ်

ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် ကော့ကရိတ်မြို့၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀ ခန့်တွင် အကြမ်းဖက် KNLA တမဟ(၆)မှ အင်အား ၃၅ ဦးခန့်ဖြင့် (၁)ကြိမ်၊ ၆၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ ပေါင်း (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့နေရာအား သိမ်းပိုက်နိုင်ခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိ။( ရန်သူ့အလောင်း ၄ လောင်း၊ RPG ၂ လက်၊ သေနတ် ၁ လက်၊ ဗုံးသီး/မိုင်းများ၊ ဘန်ကာ ၁၅ လုံး ရရှိ )

မြင်းမူ

မြင်းမူမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် မြင်းမူမြို့၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် အကြမ်းဖက် ၁၅ ဦးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ။( ရန်သူ့အလောင်း ၁ လောင်း၊ လုပ်သေနတ် ၁ လက်၊ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရရှိ )

ကလေး

ကလေးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းများသည် အကြမ်းဖက်သမားများအခြေပြုရာ နေရာများအား ဝင်ရောက်ရှင်းလင်းရာ နေ့လည်ပိုင်းတွင် မှန်တောရွာအား လည်းကောင်း၊ ညနေပိုင်းအချိန်တွင် ပြည်ခိုင်ဖြိုးရွာအား လည်းကောင်း ချီတက်ရှင်းလင်း သိမ်းပိုက်ရရှိခဲ့။ မိမိထိခိုက်မှုမရှိ။( ရန်သူ့သေနတ် ၁ လက်၊ ကျည်အိမ်/ ကျည်ဆန်များ သိမ်းဆည်းရရှိ )

မတ္တရာ

မတ္တရာမြို့၏ အရှေ့ဘက် မီတာ ၄၅၀၀ အကွာ မြောင်းသစ်ကုန်းရွာအနီးတွင် လခရအဖွဲ့နှင့် အကြမ်းဖက် ၁၀ ဦးတို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့။ ( ရန်သူ့သေနတ် ၁ လက် သိမ်းဆည်းရရှိ )

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

Leave a Reply

Your email address will not be published. Required fields are marked *