ကျိုးကျသွားတဲ့ ၂၃၀ KV ဓာတ်အားလိုင်း ၃ တိုင်အားပြုပြင်ဆောင်ရွက်လျက်ရှိ

ကျိုးကျပျက်စီးခဲ့ရသည့် တွံတေးတံတားအဆင်းမှ 230 KV ဓာတ်အားလိုင်း တိုင်(၃)တိုင်ကို ဝန်ထမ်း(၁၃၀)ကျော်ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။

လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း တွံတေးတံတားအဆင်း သံဖြူရုံကျေးရွာအနီးရှိ 230 KV ဓာတ်အားလိုင်းတိုင် (၃)တိုင် ကျိုးကျခဲ့ရာ ချိုယွင်းသွားသော တာဝါတိုင်များကို ပြုပြင်ခြင်း၊ အသစ်အစားထိုး လဲလှယ်ခြင်းများကို ဝန်ထမ်းအင်အား (၁၃၀)ကျော်ဖြင့် အချိန်နှင့်တပြေးညီပြုပြင်လျက်ရှိကြောင်း ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရပါတယ်။

အဆိုပါ 230 KV ဓာတ်အားလိုင်း တိုင်အမှတ် ၄၅ / ၄၆/ ၄၇ (၃) တိုင်မှာ ဖေဖော်ဝါရီ (၂၄)ရက်၊ နေ့လယ် (၁)နာရီ (၁၅) မိနစ်အချိန်ခန့်က ကျိုးကျပျက်စီးသွားခဲ့ခြင်းဖြစ်ပါတယ်။

▪️အဆိုပါ တာဝါတိုင်များ ကျိုးကျပျက်စီးခဲ့ရသဖြင့် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲနှင့် မြင်းကကုန်းမြိုများ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှသာ ဖျာပုံခရိုင်အတွင်း ဓာတ်အားပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *