မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၆၈ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းခဲ့

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online  လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြ သူများကို  ‌စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *