မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် PDF များစီးလာသော ကားပေါ်သို့ တပ်မတော်မှလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရှင်းလင်းခဲ့ရာ ထိခိုက်ပျက်စီးမှုများစွာရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်ရှင်းလင်းမှူအတွင်း “ကျွန်ုပ်တို့ ရဲဘော်များ စီးနင်းလာသော ကားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း မိမိတို့ ကားပေါ်တွင် သယ်ဆောင်လာသော ဗုံးသီးများလဲ ထပ်မံပေါက်ကွဲခဲ့တယ်။ ထိုဖြစ်စဥ်တွင် ကျွန်ုပ်တို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းမှ ရဲဘော် ၄ ယောက် တို့သည် လေကြောင်းတိုက်ခိုက်ခံရသောနေရာတွင် သေဆုံးသွားခဲ့တယ်။ ရဲဘော် ၃ ယောက်ဒဏ်ရာရ၍ ဆေးကုသမှုခံယူနေတယ်လို့ “လို့ ၎င်း PDFအဖွဲ့ဝင်တစ်ဦးမှ ပြောကြားထားကြောင်း သိရသည်။