နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့တွင် ကျင်းပလျှက်ရှိသော လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လေးသင်းပတ်လည် နောက်ဆုံးပွဲစဥ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိမ်ရှင် နီပေါအမျိုးသမီးအသင်းတို့ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ နာရီ ၄၅ မိနစ်တွင် ယှဥ်ပြိုင်ကစားခဲ့ကြရာ တစ်ဘက် ၂ ဂိုးစီဖြင့် သရေရလာဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေးသင်းပတ်လည် နောက်ဆုံးပွဲစဥ်၏ အနိုင်၊အရှုံး ရလာဒ်အဖြေသည် နှစ်သင်းစလုံးအတွက် အရေးမကြီးသော်လည်း ထိုနှစ်သင်းစလုံးသည် နောက်ဆုံးဗိုလ်လုပွဲတွင် ပြန်လည်ဆုံတွေ့ကြရမည်ဖြစ်သဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိမ်ရှင် နီပေါအမျိုးသမီးအသင်းတို့သည် လာမည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
crd/mht