မက္ကဆီကိုဒိုင်လူကြီး အော်တစ်ဇ်နာဗာသည် CONCACAF Champions Cup ပွဲစဉ်တွင် မက်ဆီ၏ အင်္ကျီကို တောင်းဆိုခဲ့ကြောင်း သိရသည်။
အင်တာမိုင်ယာမီအသင်းသည် CONCACAF Champions Cup ပထမအကျော့ပွဲစဉ်တွင် စပို့တင်းကန်ဆက်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းပွဲကို တာဝန်ယူခဲ့သော ဒိုင်လူကြီး အော်တစ်ဇ်နာဗာက ပွဲအပြီးတွင် မက်ဆီ၏ အင်္ကျီကို အမှတ်တရလက်ဆောင်အဖြစ် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မက်ဆီကလည်း အဝတ်လဲခန်းအတွင်းတွင် ပေးအပ်မည်ဟု သဘောတူခဲ့ကြောင်း သိရသည်။
crd/eleven