၁၉-၂-၂၀၂၅ ရက်နေ့(ယနေ့တွင်) မန္တလေး၊ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် ၈၂ လမ်း ၃၇-၃၈ ကြားရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအိုးရစေတီအတွင်းရှိ (လျှောင်းတော်မူကျောက်သားဆင်းတုတော်)တစ်ဆူ အားမသမာသူလူယုတ်မာများက ခိုးယူသွားကြောင်း သိရှိရသည်။
အဆိုပါဆင်းတုတော် သည် ၂၀၀၇ ခုနှစ်တွင်လည်း တစ်ကြိမ်အခိုးခံခဲ့ဘူးပြီး ဘုရားအားမြဝတီမြို့တွင် ရဲတပ်ဖွဲ့မှဘုရားခိုးအားဖမ်းမိ၍ မူလနေရာတွင်ပြန်လည်ပူဇော်ထားရှိခဲ့ကြောင်းနှင့် ထိုစဉ်က ဘုရားသူခိုးမှာ (၂၀၀၇ နှစ်)ကာလပေါက်ဈေး (၃၀၀၀၀၀၀၀)သိန်းသုံးရာ ကျပ်ဖြင့် အရောင်းအဝယ်ပြုခဲ့ကြောင်းလည်း ယခင်ဖြစ်စဉ်အား သိရှိရပါသည်။

