တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ၂၂၀,၀၀၀ ကျော် စာရင်းပေးသွင်းထား

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင် ၁၀၄ ခရိုင်နှင့် မြို့နယ်ပေါင်း ၂၅၀ က ကျောင်းသား၊ ကျောင်းသူ ၂၂၀,၀၀၀ ကျော် စာရင်းပေးသွင်းထားကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းခဲ့သူ ၁၄၅၂၀၀ ခန့် ရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သူ ၁၂၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၂၂၀,၀၀၀ ကျော်အထိ သိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး၌ စာစစ်ဌာန ၈၀၀ ကျော် ဖွင့်လှစ်၍ ယခုနှစ် မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းကို စာပေးပွဲမစတင်မီ တစ်ရက်အလိုဖြစ်သော မတ် ၁၆ ရက်အထိ ခွင့်ပြုပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *