အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းနင်းမိ၍ ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၂၂၅ နာရီတွင် စလင်းမြို့နယ်၊ ဂုံကုန်းကျေးရွာနေ  ဦးမင်းနိုင်(၃၈)နှစ်၊ တောင်သူလုပ်ကိုင်သူသည် ယာခင်းသို့သွားရောက်ခဲ့ရာ ကျေးရွာ၏ အနောက်ဘက် ၆ ဖာလုံခန့်အကွာ၊ လယ်ကြားလမ်းသို့ ရောက်ရှိစဉ်  PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲခဲ့ပြီး ဦးမင်းနိုင်တွင် ယာလက်ဖမိုးစုတ်ပြဲ၊ ယာနောက်ကျောမိုင်းစဖောက်ဝင်၊ ယာခြေသလုံးဗုံးစဖောက်ဝင်စုတ်ပြဲ၊ ဝဲခြေကျင်းဝတ်၊ ဝဲခြေဖမိုးပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မကွေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *