မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လေးနိုင်ငံအမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နီပေါနိုင်ငံသို့ ထွက်ခွာသွးပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ သိရသည်။
အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြ ၁၀ ဦးနှင့် ကစားသမား၂၃ ဦးပါဝင်သည်ဟုသိရပြီးယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တစ်သုတ်နှင့် မနက်ဖြန် ၁၅ ရက်တွင်တစ်သုတ်ဟူ၍ နှစ်သုတ်ခွဲကာ နီပေါသို့ သွားရောက်မည်ဖြစ်သည်။
လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့တွင်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ဘနွန်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင်နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
