ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်ချဲ့ကျူးကျော် တပ်စွဲတာတွေအရှိန်မြင့်လာတဲ့အပြင် လက်နက်ကိုင်အချင်းချင်းလည်းနယ်မြေကျော်ပြီး သိမ်းနေကြပြီ.လားရှိးမြိုနယ်ထဲက ပန်ရှောင်ရွာကို ပထမ TNLA ကဝင်ပြီး နေရာယူထားတယ်။
TNLA ထွက်သွားတော့ UWSA “ဝ” တပ်ဖွဲတွေ နယ်ကျော်ပြီး တပ်စွဲထားတယ်။ခုပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ KIA က ဝင်လာပြီးရုံးဆောက်တယ်။KIA က ရုံးဆောက်တာကို “ဝ” တပ်က တားမြစ်တယ်။“ဝ” က တားမြစ်တားကို KIA က ပြန်ပြီး တုံပြန်တာကရွာထဲက ကလေးတွေကို စုပြီး ဆန္ဒပြခိုင်းတယ်။ဘေးနားမှာ KIA ယူနီဖောင်းနဲ့ တပ်သားတွေကစောင့်ပေးနေတယ်။KIA က ဦးစီးပြီး ကလေးတွေကို ဆန္ဒပြခိုင်းနေတာကိုTNLA ရဲတွေက လက်နက်အပြည့်အစုံနဲ့ရောက်လာပြီးKIA တပ်သားတွေနဲ့ စကားများကြတယ်။အရင်က ရှမ်းပြည်နယ်မှာ စစ်တပ်ရှိနေတော့ ဘယ်သူပုန်မှ မထကြွရဲဘူး…ခုကြတော့ စစ်တပ်ကို သူပုန်တွေ ၅ ဖွဲလောက်ကဝိုင်းတိုက်တယ်.ဝိုင်းတိုက်ပြီးတော့ နယ်မြေလုပြဿနာတွေ ဖြစ်လာနေတယ်…ခုဆိုရင် အဝေးကြီးဖြစ်တဲ့ လားရှိးလိုမြိုနားကိုတောင်“ဝ” တပ်တွေ ရောက်လာပြီ…