ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မြိတ်မြို့နယ်၊ အထက(တုံဗျောကြီး) က ဆရာ ၁ ဦးနဲ့ ကျောင်းသား ၆ ဦး တို့သည် အထက(တောင်ဖီလာ)ကို စာသင်ခုံတွေသယ်ဖို့ ကျောက်သယ်တဲ့ယာဉ်နဲ့ သွားနေတာကို KNU/PDF အကြမ်းဖက်များက ရည်ရွယ်ချက်ရှိရှိနဲ့ တောပုကျေးရွာ အနီးအရောက် မြိတ်-ကော့သောင်း ပြည်ထောင်စု ကားလမ်းပေါ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ Grade -10 ကျောင်းသား ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
-ယခုဖြစ်စဉ်မှာ မြိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် PDF အဖွဲ့ခေါင်းဆာင် နော်ကင်းအဖွဲ့၏ ကရင်၊ ဗမာ လူမျိုးများအပေါ် ဒေသခံလူမျိုးချင်းတူတာတောင် လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။




