ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုကြောင့် တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်တွင် ဂျပန်နိုင်ငံသား လေးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောသည်။
ဂျပန်နိုင်ငံမှ သံသယရှိသူများသည် ဇန်နဝါရီ ၃၁ ရက်က မဲဆောက်မြို့သို့ ဗင်ကားဖြင့် ရောက်ရှိလာခဲ့ပြီး ဟိုတယ်တွင်တည်းခိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းတို့သည် ဟိုတယ်မှပြန်ထွက်ခွာပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) အနီး ရင်မိုင်းဈေးသို့ အငှားယာဉ်ဖြင့် သွားရောက်ခဲ့ပြီး အခြားခရီးသည်များကဲ့သို့ လျှောက်သွားရင်း ပျောက်သွားခဲ့သည်။
ထိုနေ့နံနက် ၁၁ နာရီတွင် မြဝတီတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားတစ်ဦးကို ရဲများက တွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသားသည် ဟိုတယ်မှ ဂျပန်အမျိုးသားများ ပိုင်ဆိုင်သည့် ခရီးဆောင်အိတ်ကို ယူလာပြီး ထိုင်းအကောက်ခွန်ဌာနကို မဖြတ်သန်းဘဲ မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်လာခဲ့သည်။
အဆိုပါဂျပန်အမျိုးသားများသည် နယ်စပ်ဖြတ်ကျော်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ သို့မဟုတ် ဂျပန်လူမျိုးများကို ပစ်မှတ်ထားသည့် လိ-မ်လ-ည်လှည့်စားဂိုဏ်းတစ်ခုမှ ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။
ရဲတပ်ဖွဲ့က ဂျပန်သံရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့လေးဦးသည် ရာဇ၀တ်မှုမှတ်တမ်းများနှင့် ဂျပန်နိုင်ငံတွင် မူ-းယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြစ်မှုများအတွက် ဖမ်းဝရမ်းအများအပြားတွင် ပါရှိကြောင်း အတည်ပြုခဲ့သည်။ သောကြာနေ့တွင် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ၎င်းတို့ကို ချက်ချင်းဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ခရီးသွားဗီဇာများကို ရုတ်သိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်