အကြမ်းဖက် PDF များမှ ပြည်သူများအပေါ်အကြမ်းဖက်သတ်ဖြတ်မှုသတင်းများ

-ဖေဖော်ဝါရီလ ၉ ရက် ၀၈၃၀ နာရီတွင် တောင်သာမြို့နယ်၊ သံဘိုကျေးရွာတွင်နေထိုင်သော ဦးသာချို(၅၉)နှစ်နှင့် သားဖြစ်သူ အောင်ပိုင်(၃၂)နှစ်တို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့အင်အား ၈ ဦးခန့်မှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်သတ်ဖြတ်သွားခဲ့ရာ ဦးသာချိုတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ အောင်ပိုင်တွင် ဦးခေါင်း၊ နားထင်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၉ ရက် ၁၂၁၅ နာရီတွင် စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ “ရွှေလင်းယုန်”ဆန်ရောင်းဝယ်ရေးဆိုင်၌ ဆိုင်ပိုင်ရှင် ဒေါ်ဟန်ဆုယဉ်(၄၂)နှစ်သည် ဆိုင်အတွင်း၌ ဈေးရောင်းနေစဉ် PDF ကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်ဟန်ဆုယဉ်တွင် ပါးစပ်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၉ ရက် ၁၅၃၅ နာရီတွင် မင်းဘူးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပန်းရုံရပ်နေ ဦးသန်းစိုးအောင် (၄၈)နှစ်၊ “သီဟရာဇာ” ဗွီဒီယိုရိုက်ကူးရေးလုပ်ကိုင်သူသည် မင်းဘူး(စကု)မြို့နယ်၊ ကိုင်း‌တောကြီးကျေးရွာ အလှူသို့ ဗွီဒီယိုရိုက်ကူးရန် ဆိုင်ကယ် ၁ စီးဖြင့် တစ်ဦးတည်းထွက်ခွာခဲ့ရာ ၁၆၂၀ နာရီတွင် ကိုင်းတောကြီးကျေးရွာ အနီးရှိ လယ်ကွင်းသို့ ရောက်ရှိစဉ် PDF ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး အကြမ်းဖက်သတ်ဖြတ်သွားခဲ့ရာ ဦးသန်းစိုးအောင်တွင် ယာလည်ပင်း ထိုးသွင်းဒဏ်ရာ၊ ဝဲပါးရိုးပေါက်ပြဲ၊ ဂုတ်ပိုးပြတ်ရှဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *