မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ရုပ်သံလိုင်းတွေ မိတ်ဖက်ရုပ်သံလိုင်းတွေ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ၉ ရက် ညနေ ၄ နာရီမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) မှာ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါအခမ်းအနား ကျင်းပပုံတွေကို ညနေ ၄ နာရီခန့်က စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV-HD၊ MRTV Farmers’ ၊ MRTV Sports ၊ MRTV Parliament နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV-4၊ Channel-7 ၊ 5 Plus ၊ Channel-9 ၊ MNTV ၊ SKY Premier Channel ၊ Fortune Channel ၊ Channel K ၊ M Entertainment Channel တိုအပြင် မိတ်ဖက်ရုပ်သံလိုင်းတွေ ဖြစ်ကြတဲ့ MWD-HD Channel ၊ MWD Variety-HD Channel တိုကလည်းကောင်း၊ မြန်မာ့အသံရေဒီယိုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြတဲ့ FM တွေဖြစ်ကြတဲ့ ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတိုအပြင် မိတ်ဖက် FM ဖြစ်တဲ့ Star နဲ့ သဇင်တိုက လည်းကောင်း၊ MOI Website ၊ MOI Youtube၊ MRTV Website၊ MRTV App: Radio App: နဲ့ Mahar Youtube Channel ၊ Htv Facebook နဲ့ Hey Play Facebook Page အပါအဝင် Online Media တိုက လည်းကောင်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် MRTV HD Channel က Live ထုတ်လွှင့်မှုကြောင့် ပုံမှန်သတင်းချိန်ဖြစ်တဲ့ ညနေ ၄ နာရီ၊ ညနေ ၆ နာရီနဲ့ ည ၈ နာရီတိုမှာ ထုတ်လွှင့်လျက်ရှိတဲ့ သတင်းတွေကို MRTV News Channel က ဆက်လက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *