ဗန်းမော်တိုက်ပွဲမှ အရှင်ဖမ်းဆီးရမိ အကြမ်းဖက်သမားများ

(အပိုင်း-၁)

ဗန်းမော်တိုက်ပွဲများအတွင်း အကြမ်းဖက် KIA/PDF များ အလဲလဲအကွဲကွဲဖြင့် သေဆုံးမှု ၇၀၀ ကျော်ခန့်ရှိပြီး ဒဏ်ရာရရှိသူ အများအပြားရှိပါသည်။ သေဆုံး/ဒဏ်ရာရသူအများစုမှာ ဗမာ PDF များဖြစ်ပြီး အချိုးအားဖြင့် ၇၀ % ခန့်ရှိကြောင်း တွေ့ရှိရပါသည်။

-KIA သကသအဖွဲ့များသည် တပ်စခန်း၊ တပ်ဌနခတို့အား တိုက်ခိုက်ရာတွင် ဗမာ PDF များကို မူးယစ်ဆေးကျွေးပြီး ရှေ့ဆုံးမှ အသေခံတိုက်ခိုင်းကာ ၎င်းတို့က နောက်ကလိုက်ကြကြောင်း ကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့အပြင် PDF များအား ဖုန်းသုံးခွင့်မပြုသည့်အပြင် ကျည်ဆန်များကိုလည်း လုံလုံလောက်လောက် မထုတ်ပေးထားကြောင်း၊ တိုက်ပွဲအတွင်း ကျဆုံး/ဒဏ်ရာရမှုတွေကိုလည်း ဓာတ်ပုံရိုက်ခွင့်မရှိကြောင်း သိရှိရပါသည်။

-ပြန်ဆုတ်ပြေးသည့်အခါတွင်လည်း သေဆုံး KIA အဖွဲ့ဝင်များ၏ အလောင်းများကိုသာ ဆွဲထုတ်ပြေးကြပြီး PDF ရုပ်အလောင်းများအား ပြန်ဆွဲယူခွင့်မရှိဘဲ သေဆုံးရာနေရာတွင်ပင် ပစ်ထားခဲ့ရကြောင်း၊ KIA တမဟာမှူးအထက်သူများ၏ အလောင်းများကို လိုင်ဇာ၊ မိုင်ဂျာယန်သို့ သယ်ယူပြီး အောက်အဆင့် သေဆုံး KIA အဖွဲ့ဝင်များကို အဆင်ပြေရာ တောတွင်းနေရာတစ်ခုခုတွင် မီးသဂြိုလ်ပြီး အရိုးပြာကို KIA နောက်တန်းဌာနချုပ်များသို့ ပြန်လည်ပို့ဆောင်ကြောင်း စစ်ဆေးသိရှိရပါသည်။

-ယခုဖမ်းဆီးခံရသူများသည်လည်း ရှေ့ဆုံးမှ တိုက်နေသူများဖြစ်ပြီး နောက်ပိုင်းအဖွဲ့က အသိမပေးဘဲ ဆုတ်ခွာထွက်ပြေးသွားသဖြင့် ယခုလို အရှင်ဖမ်းဆီးရရှိခြင်း ဖြစ်ပါသည်။ နောက်ထပ်အရှင်မိသူ အများအပြားရှိပြီး သင့်လျှော်သည့်အချိန်တွင် ပုံနှင့်တကွ ဖော်ပြပေးပါမည်။-အစိုးရတပ်မတော်အနေဖြင့် အရှင်ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများကို သူပုန်များ ကျင့်သုံးနည်းကဲ့သို့ နှိပ်စက်၊ သတ်ဖြတ်ခြင်းမျိုးမရှိဘဲ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး တရားဥပဒေနှင့်အညီ အရေးယူသွားမှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *