မိတ်ဆွေတစ်ဦးယခုရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု မျှဝေရေးသားပါရစေဗျ။
မိတ်ဆွေတစ်ဦး၏ KBZ pay အကောင့်တစ်ခုထဲသို့ ငွေကျ သိန်း ၅၀ ဝင်လာတယ် (၁၀ သိန်း ၅ ခါဖြင့်) မိတ်ဆွေက သူ့ထံကို ယခုရက်ပိုင်းအတွင်း မည်သူ့ထံကမှ ရစရာမရှိသည့်အတွက် စဉ်းစားနေတဲ့ အချိန်မှာ ဖုန်းအစိမ်း တစ်လုံးဝင်လာတယ် အဲ့ဒီဖုန်းကနေပြီး Kpay မှားလွှဲမိလို့ ပြန်လွှဲပေးပါရန် ပြောတယ် မိတ်ဆွေမှလည်း ဟုတ်ပြီ ပြန်လွှဲပေးရမယ့် ဖုန်းနံပါတ်ပြောပါလို့ပြန်ပြောတော့ မှားလွှဲသည့် နံပါတ်နှင့် မတူဘဲ အခြား ဖုန်းနံပါတ်တစ်ခုဖြစ်နေတယ်။
အဲ့ဒီမှာ မိတ်ဆွေမှ မှားလွှဲသော ဖုန်းနံပါတ်ကိုသာ ပြန်လွှဲမည့်အကြောင်း အကြောင်းပြန်ပြောကြားသည့်အခါတွင် ပြောသည့်ဖုန်းနံပါတ်ကိုသာလွှဲပေးပါရန် ပုံမမှန်သည့် အသုံးအနှုန်းများဖြင့် ပြောလာသည့်အတွက် နီးစပ်ရာဘဏ်သို့ သွားရောက်အကြောင်းကြားခဲ့ပါသည်။ နီးစပ်ရာဘဏ်ခွဲမှလည်း မှားလွှဲသည့် နံပါတ်အား ဆက်သွယ်ပြောကြားရာတွင် သူတို့ပြောသည့် နံပါတ်ကိုသာပြန်လွှဲ စေလိုကြောင်း ဆက်သွယ်လာပါသည်။
နည်းလမ်းမကျပုံမှန်မဟုတ်သည့်အတွက် နယ်မြေခံရဲစခန်းနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာမှ သာမာန်မှားလွှဲခြင်းမျိုးမဟုတ်ဘဲ PDF ထောက်ပို့ သည့်လမ်းကြောင်းတွင် ကြားခံ အဖြစ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း စီစစ်ဖော်ထုတ်ရရှိခဲ့ပါသည်။
သို့ဖြစ်ပါ၍ Mobile banking အသုံးပြုလျက်ရှိသော မိဘပြည်သူများအနေဖြင့် မိမိအကောင့်အား ကြားခံ အဖြစ် အသုံးပြုခံမဖြစ်စေရေးနှင့် လိ/မ်ညာမှုများ မခံရနိုင်စေရေးအတွက် ရေးသားတင်ပြလိုက်ပါသည်။
(လွတ်လပ်စွာမျှဝေနိုင်ပါသည်။)
crd//