လားဟူတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်

လားဟူတိုင်းရင်းသား စုပေါင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို လားဟူတိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ လက်ဆေးမင်္ဂလာပွဲနှင့် ဘူးပလွေများတီးမှုတ်၍ ထင်ရှားသောမြေဝိုင်းအကများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

လားဟူတိုင်းရင်းသား လူမျိုးများသည် ယခုအချိန်တွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၌ ပျံ့နှံ့နေထိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် (မြောက်ပိုင်း) တို့၌ အများဆုံးနေထိုင်လျက်ရှိပြီး လားဟူမျိုးနွယ် ၃၀ ခန့်ရှိကြောင်း သိရသည်။

ရှေးအစဉ်အဆက်က လားဟူနှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက် ပျော်ရွှင်စွာကျင်းပခဲ့ရာ တစ်နှစ်တာကာလအတွင်း ရှာဖွေစုဆောင်းရရှိလာခဲ့သည့် ဆန်၊ စပါး၊ အသီးအနှံများနှင့် ပစ္စည်းဥစ္စာများကို နှစ်သစ်ကူးပွဲတော်တွင် စုပေါင်းပါဝင်လှူဒါန်းကြကြောင်း၊ ထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင်ထားကာ ထင်းရှူးပင်ကိုဝိုင်းပတ်ပြီး ယင်းတို့၏အထိမ်းအမှတ် ဘူးပလွေများဖြင့်တီးမှုတ်၍ ထင်ရှားသောမြေဝိုင်းအကဖြင့် ဖျော်ဖြေကပြကာ ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့် ပြစ်မှားမိသော အပြစ်များရှိပါက ခွင့်လွှတ်ပေးကြပါရန်၊ အပြစ်များကို ဆေးကြောပေးရန်၊ သက်ကြီးဝါကြီးနှင့် အကြည်ညိုခံပုဂ္ဂိုလ်များကို လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာပြုလုပ်ခံယူသော ပွဲတော်ဖြစ်ကြောင်း သိရသည်။

crd//pan

Leave a Reply

Your email address will not be published. Required fields are marked *