ထိုင်းနိုင်ငံထဲကို ကုန်တင်ကားနဲ့ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၇၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်ဖို့အတွက် ကုန်တင်ကားနဲ့လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၁၆၉)ဦးကို ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင် အဝေးပြေးကားလမ်းတစ်နေရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ တရားမဝင် မြန်မာနိုင်ငံသား (၁၆၉)ဦးလိုက်ပါတဲ့ တွဲကုန်တင်ကားကြီးတစ်စီးဟာ ဒီကနေ့ ဇန်နဝါရီလ (၃၁)ရက်၊ မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ ဘောလွယ်မြိုနယ်ရှိ စစ်ဆေးဂိတ်ကိုဖြတ်မောင်းလာစဉ်မှာ ယာဉ်မောင်း (၂)ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရ။ #crd

Leave a Reply

Your email address will not be published. Required fields are marked *