ဒေါ်နယ်ထရမ့်အကောင့်ကို ပိတ်ပင်ခဲ့မှုကြောင့် Facebook ကုမ္ပဏီ Meta က ဒေါ်လာ ၂၅ သန်း ပေးဆောင်ရန် သဘောတူခဲ့ကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများကြောင့် သမ္မတထရမ့်အကောင့်ကို ဖျက်သိမ်းခဲ့ပြီး ထရမ့်က Meta ကုမ္ပဏီအား တရားစွဲဆိုခဲ့သည်။
တရားစွဲဆိုမှုအား ကြေအေးရန်အတွက် ၂၅ သန်း တောင်းဆိုခဲ့ပြီး မီဒီယာများ၏ဖော်ပြချက်အရ ကြေအေးငွေ ဒေါ်လာ ၂၂ သန်းအား ထရမ့်၏ သမ္မတစာကြည့်တိုက်အတွက် ရန်ပုံငွေအဖြစ်ထားရှိမည်ဖြစ်ပြီး ကျန်ငွေများအား တရားရေးဆိုင်ရာ ပေးဆောင်ရမည့်စရိတ်များတွင် သုံးစွဲမည်ဖြစ်ကြောင်းသိရသည်။