ဇန်နဝါရီလ ၂၄ ရက် ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူဆယ်မှ ရန်ကုန်သို့ မျိုးမင်းဦး(ခ)မဲကြီး မောင်းနှင်လာသည့် I ZONE ကုန်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အတွင်း အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရ။ #crd
ကျွဲတပ်ဆုံနားမှာ ကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများသိမ်းဆည်းရမိ
