ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုအကြား သတင်းမှန်၊ သတင်းမှား မြောက်မြားစွာ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြိုနယ်၊ ခရိုင်စသည့် အဆင့်ဆင့်၏ အားနည်းချက်များကို မီဒီယာများသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြ ပြောဆိုမှုများရှိကြောင်း၊ အများစုသည် သတင်းမှန်အနည်းငယ်ကိုအခြေခံပြီး ပြည်သူလူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှုပုံရိပ် ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူပြည်သူ့စစ်မှုထမ်းရန်ကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြေားကြာခဲ့ကြောင်း သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
