ဇန်နဝါရီ ၂၈ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကမမောင်းကြားရှိ ကတိုင်တိစခန်းသို့ နေရာ ၇ နေရာမှ ရန်သူ အင်အား ၅၀၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ ထိခိုက်ကျဆုံးအလောင်းများအား ဆွဲယူ ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး
ရန်သူ ဆုတ်ခွာထွက်ပြေးရာနောက်သို့ လိုက်လံရှင်းလင်းစဉ် ၎င်းတို့မဆွဲယူနိုင်ဘဲ ကျန်ရစ်ခဲ့သည့်-
ပြောက်ကျားယူနီဖောင်းဝတ်အလောင်း ၂ လောင်း
အမ်-၁၆ သေနတ် ၂ လက်
၅ ဒ ၅၆ မမ ကျည် ၁၀ တောင့်
ကျည်အိမ် ၂ ခု သိမ်းဆည်းရမိခဲ့သည်။
မြေပြင်သတင်းအရ ရန်သူ ၆၀ ဦးခန့် သေဆုံး၍ ဒဏ်ရာရရှိသူ ခေါင်းဆောင်အပါအဝင် ၅၉ ဦးခန့် ရှိကြောင်း သိရှိရသည်။