၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1 တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။
အဆိုပါအခမ်းအနားကျင်းပမည့် နေရာကန့်သတ်ချက်အရ သတင်းမီဒီယာသမားဦးရေအား A Zone၊B Zone ခွဲခြားသတ်မှတ်ကာ သတင်းရယူစေမည်ဖြစ်ပါသည်။ သိုပါ၍ အခမ်းအနားသိုတက်ရောက်သတင်းရယူလိုသော လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသည့် သတင်းမီဒီယာများ အနေဖြင့် သတင်းမီဒီယာတစ်ခုလျှင်(၂)ဦးနှုန်းဖြင့် ခွင့်ပြုပေးမည်ဖြစ်ပါ၍ အမည်၊နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ရာထူးတာဝန်၊သတင်းဌာနအမည်စသည့် သတ်မှတ်လျှောက်လွှာပုံစံပါ အချက်အလက်များကိုဖြည့်စွက်ကာ ပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ(နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt@gmail.com (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို ၃၁-၁-၂၀၂၅ ရက်နေ့ အရောက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အသိပေးကြေညာထားပါတယ် ။