ဘယ်တော့မှ သွေးမကြောင်တတ်တဲ့ မြန်မာ

ယူကရိန်းကို တိုက်ခိုက်ဖို့ ၂၀၂၄ တစ်နှစ်တည်းမှာပင် ရုရှားနိုင်ငံသား ၄ သိန်းခွဲ စစ်မှုထမ်းဖို့ စာရင်းပေးခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို တွေ့လိုက်ရတယ်။ အင်မတန် ဂုဏ်ယူဖို့ကောင်းသလို အတုယူဖို့ လည်း ကောင်းလှတယ်။

ဂုဏ်ယူဖို့ကောင်းတာက ရုရှားလူမျိုးတွေရဲ့ မျိုးချစ်စိတ်၊ နိုင်ငံကိုကာကွယ်လိုစိတ်၊ တာဝန်သိတတ်စိတ် တွေကို။ အတုယူဖို့ကောင်းတာက ရုရှားအစိုးရဟာ သူ့နိုင်ငံသားတွေကို မျိုးချစ်စိတ်ရှိအောင်၊ နိုင်ငံကို ကာကွယ်လိုစိတ်ရှိအောင် ဘယ်လို Train ခဲ့သလဲ? ဘယ်လို ပျိုးထောင်ခဲ့သလဲ? ဆိုတာပါ။

မြန်မာပြည်မှာတော့ ပြည်သူ့စစ်မှုထမ်းကို ဥပဒေနဲ့အညီ အစိုးရက လုပ်တယ်။ ယခင် NLD အစိုးရလက်ထက်က တပ်နဲ့ပြည်သူသွေးကွဲရေး၊ တပ်မတော်မုန်းတီးရေးကို ရည်ရွယ်ချက်ရှိရှိ တစိုက်မတ်မတ်လုပ်ခဲ့ကြတယ်။ အဲဒီ ဆိုးကျိုး effect တွေက လူငယ်တွေကို မျိုးချစ်စိတ်မရှိ၊ တာဝန်ယူလိုစိတ် ကင်းမဲ့စေပြီး သူရဲဘောကြောင်စိတ်တွေဖြစ်လာစေခဲ့တယ်။ ပြည်သူ့စစ်မှုထမ်းကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲကြတယ်။ ဒါကြောင့် မြေပြင်မှာ အတင်းအကြပ်တွေ ဖြစ်လာတယ်။ အတင်းအကြပ်ဖြစ်လာမှုအပေါ် အခွင့်ကောင်းယူပြီး တာဝန်မဲ့တဲ့ လုပ်စားအောက်ခြေဝန်ထမ်းတွေက အကျင့်ပျက် ခြစားလာပြီး ငွေကြေးပိုင်းတွေပါ ပါလာတယ်။ ဒါဟာ အစိုးရရဲ့ ပုံရိပ်ကို ကျဆင်းစေသလို တပ်မတော်အတွက်လည်း မကောင်းလှပါဘူး။

မနေ့ကပဲ ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီး ငွေကြေးအလွဲသုံးစားမှုတွေပါလာလို့ ရွှေဘိုဘက်က ရဲမှူးနဲ့ ထွေအုပ်ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးခဲ့ရတယ်။ ဒါ.. လုပ်ဆောင်ချက်ကောင်း တစ်ခုပါပဲ။ စံနမူနာပြ အရေးယူမှုတွေလုပ်ပြီး နောင်ဒီလိုပြဿနာမျိုး မဖြစ်အောင် ထိမ်းရပါမယ်။ ပြည်သူ့စစ်မှုထမ်းကို ဥပဒေအတိုင်းသာဖြစ်စေပြီး တရားမမျှတမှု၊ ငွေကြေးအလွဲသုံးစားမှုတွေ ကင်းစင်သွားမှသာ ပြည်သူ တွေလည်း ဝမ်းမြောက်စွာ ထောက်ခံအားပေးကြပါလိမ့်မယ်လို့ သုံးသပ်မိပါတယ်။

သေချာတာတစ်ခုကတော့ မြန်မာတွေဟာ သွေးမနည်းဘူး၊ သွေးမကြောင်တတ်ပါဘူး .. ရုရှားလူငယ်တွေလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်အပြည့်ရှိတယ်ဆိုတာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *