အကြမ်းဖက် PDF များမှ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ

-ဇန်နဝါရီလ ၂၆ ရက် ၁၈၃၀ နာရီတွင် ပေါင်မြို့နယ်၊ ရင်းငြိမ်းမြောက်ကျေးရွာ၊ ညောင်ပင်ဝိုင်းရပ်နေသူ နိုင်လင်း(ခ)ချက်ရွန်း (၃၀)နှစ်သည် နေအိမ်မှ မြတ်လေးချောင်ကျေးရွာဘက်သို့ သွားရောက်စဉ် ကျေးရွာအထွက်၌ PDF အကြမ်းဖက်အဖွဲ့ ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်  ၎င်းနောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်လင်း(ခ)ချက်ရွန်းတွင် ခါးကျည်ရှပ်ထိဒဏ်ရာရရှိခဲ့သဖြင့် ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရ။

-ဇန်နဝါရီလ ၂၆ ရက် ၁၁၁၅ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင်နေထိုင်သော ဦးဝင်းဦး သည် အိမ်နီးချင်းဖြစ်သူ ဦးသူရိန်ဝင်းနှင့်အတူ နေအိမ်အနီးရှိ “အောင်ကျော်စိုး”ကွမ်းယာဆိုင်ဘေးရှိ ထိုင်ခုံ၌ထိုင်နေစဉ် ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၂ ချက်ခန့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးဝင်းဦး(၅၃)နှစ်တွင် ယာလည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(သေဆုံး)၊ ဦးသူရိန်ဝင်း (၃၅)နှစ်တွင် ဝဲပခုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *