ဇန်နဝါရီ ၂၆ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီမှ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများ နှင့် လှည်းကူးမြို့နယ်တွင် လူငယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ က မြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးပဋိပက္ခများ၊ တိုင်းပြည်၏ လိုအပ်ချက်အရ ပြည်ခိုင်ဖြိုးအသင်းကြီးမှ ပါတီအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းပြောကြားပြီး လူငယ်များ က မေးမြန်းသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။တွေ့ဆုံပွဲသို့ စိတ်ပါဝင်စားသူ လူငယ် (၃၀၀၀) ခန့် တက်ရောက်ပြီး လူငယ်များ၏ မေးမြန်းမှုများကို ပါတီဗဟိုကော်မတီဝင်များက ကဏ္ဍအလိုက် ဖြေကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။#MNP #News



