ကရင်ပြည်နယ်တိုက်ပွဲသတင်းများ

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မဲပလီဒေသရှိ ဘုရားကုန်းကာကင်းအနီး လုံခြုံရေးဆောင်ရွက်နေစဉ် KNLA တမဟ(၅)၊ ရင်း (၁၀၂) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်အား တွေ့ရှိသဖြင့် စတင်ပစ်ခတ်ခဲ့ရာ ရန်သူမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ-

KNLA -၁ လောင်း
အေကေ(၄၇) -၁ လက် သိမ်းဆည်းရမိခဲ့ပြီး မိမိထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကရင်ပြည်နယ် ကျုံဒိုးမြို၏ အရှေ့တောင်ဘက်၌ လုံခြုံရေးဆောင်ရွက်နေစဉ် KNLA တမဟ(၆)၊ ရင်း(၂၇)နှင့် အကြမ်းဖက်သူပူးပေါင်းအင်အား ၂၀ ဦးခန့်က ၁ ကြိမ်၊ ရန်သူအင်အား ၁၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူသည် တောင်ဘက်သို ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ-

KNLA ၁ လောင်း ရရှိခဲ့ပြီး မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *