“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ သယ်ယူဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြု

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ “ဝ” ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ (၂၀) ရက်စွဲနှင့် ထုတ်ပြန်လာပါတယ်။

ကိုးကန့်ဒေသနှင့် “ဝ” ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် ကုန်စည်သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရာမှ ယခုကဲ့သို ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှလွဲ၍ သာမန်ပြည်သူများ၏ ထွက်ကုန်များ၊ စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *