လူသန်းပေါင်း ၄၀၀ပါဝင်ဆင်နွှဲမည့် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော် အိန္ဒိယနိုင်ငံတွင် ကျင်းပမည်

ဟိန္ဒူဘာသာဝင်များ မွန်မြတ်သည့်ရေပြင်အတွင်း ရေချိုးသန့်စင်ကြသည့် Kumbh Mela ခေါ် ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲ တော်ကြီးကို အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်နေ့တွင် စတင်ကျင်းပမယ်လို့ သိရပါတယ်။

Kumbh Mela သည် ဘရီဟဿတိနတ်ဘုရားကို ပူဇော်ပသသည့် ပွဲတော်ဖြစ်ပြီး ဟိန္ဒူဘာသာဝင် ဘုရားဖူးပြည်သူများကို အများဆုံးဆွဲဆောင်ထားနိုင်ကာ ၎င်းပွဲတော်ကို အိန္ဒိယနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။ ထောင်စုနှစ်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါ Kumbh Mela ပွဲတော်ကို ဂင်္ဂါမြစ်၊ ယမုံနာမြစ်နှင့် ဒဏ္ဍာရီလာ သူရဿတီမြစ်များ ပေါင်းဆုံသည့်နေရာတွင် ကျင်းပခြင်းဖြစ်သည်။ ပွဲတော်ဆင်နွှသူများသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရ်ှပြည်နယ်အတွင်း Prayagraj မြို့ရှိ မြစ်ကမ်းပါးနေရာများတွင် ရွက်ဖျင်တဲများထိုးနေကြသည်။ ပွဲတော်ကာလက ဖေဖော်ဝါရီ ၂၆ ရက်အထိ ဖြစ်တယ်လို့ သိရပါတယ်။

ပွဲတော်ကို ရေထဲတွင် နှစ်မြှုပ်အပြစ်ဖြေခြင်းဖြင့် အမှတ်အသားပြုထားသော်လည်း ပွဲတော်များ၊ ပညာရေး၊ ဘာသာရေး ဟောပြောပွဲများ၊ သံဃာတော်များ စုဝေးခြင်းနှင့် ဖျော်ဖြေရေး အများအပြားဖြင့် ရပ်ရွာ ကူးသန်းရောင်းဝယ်ရေး ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ဤမြစ်များတွင် ရေချိုးခြင်းသည် အတိတ်အမှားများအတွက် သုတ်သင်ခြင်း (အပြစ်ဖြေခြင်း၊ ဒဏ်ပေးခြင်း၊ ပြန်လည်ထူထောင်ခြင်း) ဟူသော အဓိပ္ပါယ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ပွဲတော်စီစဉ်သူများ၏ ခန့်မှန်းချက်အရ ပွဲတော်ကြာမြင့်ချိန် သီတင်းပတ်ခြောက်ပတ်အတွင်း ဟိန္ဒူဘာသာဝင်သန်း ၄၀၀ ပါဝင်ဆင်နွှဲကြမယ်လို့ သိရပါတယ်။

အဝါရောင်ဝတ်ရုံဝတ် ဘုန်းကြီးများ ၊ ပြာများလိမ်းကျံထားသည့် တပသီများလည်း တွေ့ရမည်ဖြစ်ပြီး ထိုပုဂ္ဂိုလ်အများစုက ပွဲတော်နေရာသိုရောက်ရန် သီတင်းပတ်နှင့်ချီခြေကျင်လျှောက်လာသူများဖြစ်ပါတယ်။

ပွဲတော်စီစဉ်သူများ၏အဆိုအရ ပါဝင်ဆင်နွှဲကြမည့် ဟိန္ဒူဘာသာဝင်ဦးရေသည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနှစ်နိုင်ငံပေါင်း လူဦးရေလောက်နှင့် ညီမျှနေမည် ဖြစ်သည်။ “လူပေါင်းသန်း ၃၅၀ ၊ သန်း ၄၀၀ လာကြမှာဆိုတော့အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေရဲ့ အတိုင်းအတာ ဘယ်လောက်ကြီးမယ်ဆိုတာ စဉ်းစားကြည့်နိုင်တယ်”ဟု ပွဲတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ပွဲတော်အစနေ့ ဇန်နဝါရီ ၁၃ ရက်မနက်မှာပင် လူပေါင်း ၁၅ သန်းခန့် မြစ်ရေဆင်းချိုးသန့်စင်ကြပြီးပြီဖြစ်သည်။ ဟိန္ဒူဘုန်းတော်ကြီးများက ၎င်းတို၏ဂိုဏ်းအသင်းအလိုက် သက်ဆိုင်ရာအလံများကိုင်ထားကြပြီး ဟိန္ဒူ ဘာသာဝင်များက ဒရမ်သံများ၊ ခရာသံများဖြင့် မြူးထူးနေကြပြီလို့လဲ သိရပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *