ပျဉ်းမနားမြို့နယ်၌ လူသတ်ပြီးနောက် ဆိုင်ကယ်ပါ ခိုးယူသွားခဲ့တဲ့ သူနှစ်ဦးကို ဇန်နဝါရီလ ၁၄ ရက်နေ့က သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်ရှင်။
ဇန်နဝါရီ ၇ ရက်က နေပြည်တော် ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေး အားကစားကွင်းအနီး ယာခင်း လူသွားလမ်းပေါ်တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ)သည် ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များ ဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့အား အင်္ကျီ/ပလပ်စတစ် ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ခန္ဓာကိုယ်၌ ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ရွာကောက်နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#CrdElevenMedia