စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုးကို ယနေ့ ဇန်နဝါရီ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဒီဇင်ဘာ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်ပြီး ပုန်ကန်သောင်းကျန်းမှုစွပ်စွဲချက်နှင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မနက်ခင်းမှာ သမ္မတရဲ့ အိမ်တော်ထဲကို ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ကျော် သူ့ကိုဖမ်းဆီးဖို ဝင်ရောက်လာပြီးနောက် ၎င်းအနေနှင့် အကြမ်းဖက်မှုတစ်စုံတစ်ရာဖြစ်ပြီး သွေးထွက်သံယိုမှုတွေကို ဟန့်တားနိုင်အောင် စုံစမ်းစစ်ဆေးမှုကိုခံယူဖို ဆုံးဖြတ်၍ သူ့ကိုယ်သူ အဖမ်းခံလိုက်တယ်လို့ ယွန်က ကြေညာချက်မှာဖော်ပြထားကြောင်း သိရပါတယ်။ #crd



