အကြမ်းဖက်လက်နက်ကိုင်များမှ ပြည်သူများအား ဖမ်းဆီး/သတ်ဖြတ်နေမှုများ

-ဇန်နဝါရီလ ၁၂ ရက် ၀၈၀၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာနေ ဦးဆန်းမင်းအေး(၅၁)နှစ်၊ ဆိုင်ကယ်ပြုပြင်ရေး လုပ်ကိုင်သူသည် ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်၊ နှင်းဆီလမ်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ပဲရော့ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဉ် အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်၍ ဖက္ကလိပ်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဦးဆန်းမင်းအေးတွင် ဝဲပါး၊ ဝမ်းဗိုက်၊ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၂ ရက် ၁၅၀၀ နာရီတွင် မြင်းခြံမြို့နယ်၊ ခေါင်းကွဲကျေးရွာတွင် နေထိုင်သော ဦးမောင်မြင့်(၆၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက်ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးမောင်မြင့်တွင် ဝမ်းဗိုက်၊ နှာခေါင်းကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *