ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီချိန်ခန့်က ဗန်းမော်မြို့၏မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ ဗန်းမော်တက္ကသိုလ်အား အကြမ်းဖက် KIA/PDF အင်အား (စိစစ်ဆဲ)မှာ အဝေးမှ လာရောက်နှောင့်ယှက်ပစ် ခတ်သဖြင့် ပြန်လည်ပစ်ခတ်ပြီး နယ်မြေရှင်းလင်းခဲ့ရာ မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) KA သေနတ် ၁ လက်
(၂) ကျည်အိမ် ၅ ခု၊ ကျည် ၁၀၀ ခန့်
(၃) RPG ဒုံးသီး ၂ လုံး
(၄) ၄၀ မမ ဗုံးသီး ၉ လုံး
(၅) လက်ပစ်ဗုံး ၉ လုံး
(၆) ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာ ၁ ထည်
(၇) အိုင်ကွန် ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။