တပ်တွင်း/ပြင် စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုက်တက်ရေးဆောင်ရွက်ဖို့လို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ခရီးစဉ်တွင် မန္တလေးတပ်နယ်နှင့် မိထ္ထီလာတပ်နယ်များရှိ အရာရှိ/စစ်သည်မိသားစုဝင်များနှင့်တွေ့ဆုံပွဲတွင် တပ်တွင်းစည်းလုံးညီညွတ်မှုတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ပြောကြားချက်များ ဖြစ်ပါသည်။

တပ်မတော်သားများအနေဖြင့်လည်း တပ်တွင်းစည်းလုံးညီညွှတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကိုတည်ဆောက်၍ တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်းနှင့် တပ်တွင်း၊ တပ်ပြင်အင်အားများကိုတည်ဆောက်၍ စုစည်းညီညွတ်သည့်အားဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့်ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *