အကြမ်းဖက် KNLA တမဟ (၆)နဲ့ PDF တွေဟာ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက အနန်းကွင်းစခန်းကို တိုက်ခိုက်နေတာ ၃ လကျော်ကြာခဲ့ပြီ။ အထူးသဖြင့် ၂၀၂၄ ဒီဇင်ဘာ (တ)ပတ် မှ ၂၀၂၅ ဇန်နဝါရီ (ပ)ပတ်ကြားမှာ အင်အားကို ပုံအောသုံးပြီး နေ့ရောညပါ ဖိအားပေး တိုက်ခိုက်လာခဲ့ပါတယ်။ လာရောက် တိုက်ခိုက်ချိန်တိုင်း အကြိမ်ကြိမ်လန်ကျ ထွက်ပြေးကြရပြီး အနန်းကွင်းစခန်းကတော့ အခုချိန်ထိ စင်ပေါ် က ဖြစ်နေဆဲပါ။ စခန်းမှာရှိတဲ့ တပ်မတော်သားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်က လေးစားဂုဏ်ယူဖွယ် ကောင်းလှသလို ပစ်ကူပေးတဲ့ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများရဲ့ အစွမ်းကလည်း တိကျလှပခဲ့တယ်။
ဖြစ်စဉ်တွေထဲက ဇန်နဝါရီ ၂ ရက်နေ့မှာ အနန်းကွင်းစခန်းကို ရန်သူဟာ အင်အားအလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် ရန်သူ ၁၀၀ ခန့် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ရန်သူတွေထဲမှာ
- KNLA တမဟ (၆) ရင်း (၁၆/၁၇)မှ ခွဲမှူးအဆင့်ရှိသူ ၃ ဦး၊ ထောက်လှမ်းရေးမှူး ၁ ဦး
- နဂါးနီ PDF အဖွဲ့မှ ခေါင်းဆောင်ပိုင်း ၃ ဦး
- DKBA အဖွဲ့ဝင် ၂၀ ဦးခန့်နှင့်
- အကြမ်းဖက် PDF အများအပြား ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံး PDF အလောင်းတွေကိုတော့ အနီးနားက ထီးခိုင်ရွာ၊ ဖော့နမူရွာတွေမှာ အစုလိုက်အပြုံလိုက် မြုပ်နှံ သင်္ဂြိုလ်ခဲ့ကြပြီး KNU အကြီးပိုင်းအလောင်းတွေကိုတော့ အပလုံရွာထိ သယ်ဆောင်ပြီး သင်္ဂြိုလ်ခဲ့ကြပါတယ်။
အနန်းကွင်းစခန်းကိုလာတိုက်တဲ့ ရန်သူဟာ အကြိမ်ကြိမ်လဲပြိုပြီး အကျအဆုံးများစွာ ပြန်ပြန်ပြေးနေရလို့ စိတ်ဓာတ်ပျက်ပြီး ထွက်ပြေးသူများလည်း ရှိနေတယ်လို့ သိရပါတယ်။
ဆိုချင်တာကတော့ သတ္တိရှိရှိနဲ့ ရဲဝံ့စွာတိုက်ပွဲဝင်နေတဲ့ အနန်းကွင်းက စစ်သည်တော်တွေရဲ့ စိတ်ဓာတ်ကို သာလွန်အင်အားနဲ့ အကြိမ်ကြိမ်လာတိုက်နေတဲ့ ရန်သူဟာ ဘယ်တော့မှ မကျော်လွှားနိုင်ခဲ့ဘူးဆိုတာပါပဲ။
အနန်းကွင်းမှ စစ်သည်တော်ကောင်းများကိုလည်း လေးစားဂုဏ်ယူစွာအလေးပြုရင်း ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
(ပုံတွေကတော့ ပြန်မဆွဲနိုင်တဲ့ အလောင်းလက်နက်ပုံများနှင့် ပြန်ဆွဲပြီး သင်္ဂြိုလ်ခဲ့ကြတဲ့ ရန်သူ့ခေါင်းဆောင်ပုံများ ဖြစ်ပါတယ်)
တိုက်ပွဲသတင်းစုံ