၂ဝ၂၅ ခုနှစ် အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲအား ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တိုတွင် ကျင်းပသွားမည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ရှမ်းပြည်နယ်)ထံမှ သိရသည်။
အဆိုပါရိုးရာလှေပြိုင်ပွဲအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် တစ်ကြိမ်နှင့် လာမည့် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုသောအားဖြင့် တစ်ကြိမ်ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါရိုးရာလှေပြိုင်ပွဲသည် အင်းလေးဖောင်တော်ဦးဘုရားပွဲနှင့် အတူတွဲ၍ နှစ်စဉ်ကျင်းပလျက်ရှိသော်လည်း ပြီးခဲ့သည့်ကာလတွင် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သောကြောင့် ဖောင်တော်ဦးဘုရားပွဲတော်ကို ခေတ္တရပ်နားထားပြီး ယခုပွင့်လင်းရာသီကာလတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သောကြောင့် အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲကို ကျင်းပရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။