ပြည်သူတွေကို သတင်းအဆိပ်ခပ် ကျင့်ဝတ်ပျက်တဲ့မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများနှင့် ပတ်သက်၍ ဒီဇင်ဘာလအတွင်း စိစစ်တွေ့ရှိချက်များအား ဖော်ပြပေးလိုကါပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာတော့ Khit Thit ၊ Mizzima ၊ မြေလတ်အသံ ၊ DVB ၊ Ayeyarwaddy Times နှင့် RFA Page စတဲ့ ပြည်တွင်း/ ပြည်ပမီဒီယာ(၆)ခုအပါအဝင် အခြားမီဒီယာများရဲ့ တစ်လအတွင်း တင်ပြထားတဲ့ လုပ်ကြံသတင်းအတု/ သတင်း အမှား/ သတင်းအမှန် အချက်အလက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
ပြည်ပအားကိုး ဒေါ်လာစားမီဒီယာ အမည်ခံအချို့မှ သတင်းအတု၊ သတင်းအမှားများနှင့် ပတ်သက်၍ သတင်းအတုများ လုပ်ကြံရေးသားခြင်းနှင့် ဖြစ်စဉ်ရှိသော်လည်း အမှန်အတိုင်း မရေးသားဘဲ မဟုတ်မမှန်ရေးသားထားခြင်းတို့ကို သတင်းစစ်တမ်းပြုလုပ်ပြီး ဇယားဖြင့် အကျဉ်းချုံးဖော်ပြပေးလိုက်ပါတယ်။ သတင်းစုစုပေါင်း ၄၇၂ ပုဒ်ရှိပြီး လုပ်ကြံသတင်း အတု ၁၅၃ ပုဒ် (၃၂.၄၂ ရာခိုင်နှုန်း)၊ သတင်းအမှား၂၈၂ ပုဒ် (၅၉.၇၄ ရာခိုင်နှုန်း)၊ စုစုပေါင်း ၉၂.၁၆ ရာခိုင်နှုန်း ဖြစ်နေတာကို အသေးစိတ်လေ့လာ စိစစ်တွေ့ရှိခဲ့ပါတယ်။
အလွယ်ပြောရရင် ဒီမီဒီယာတွေတင်တဲ့ သတင်းအပုဒ် ၁၀၀ မှာ အပုဒ် ၉၀ ကျော်က သတင်းအတုနဲ့ သတင်းအမှား တွေဖြစ်နေတယ်ဆိုတာ အဆိုပါပြည်ပအားကိုး ဒေါ်လာ စားမီဒီယာ အမည်ခံတွေ တင်ပြထားတဲ့ သတင်းအချက်အလက်တွေက မြေပြင်အမှန် နဲ့ကွဲလွဲနေကြောင်းကို ဖော်ပြနေပါတယ်။ အဲ့ဒီမီဒီယာတွေထဲမှာ အဆိုးဆုံးကို ပြောရရင် Khit Thit မီဒီယာပဲဖြစ်ပါတယ်။