ဇန်နဝါရီ ၆ ရက် (ယနေ့) မွန်းလွဲပိုင်းအချိန်ခန့်က နောင်ချိုမြို့နယ်၊ အုမ္မသီးရွာ ဘုန်းတော်ကြီးကျောင်းအနီးနှင့် စာသင်ကျောင်းအနီးတွင် အကြမ်းဖက် TNLA အဖွဲ့များရောက်ရှိနေကြောင်း ဒေသခံများမှ သတင်းပေးပို့လာခဲ့ရာ Drone ဖြင့် ကင်းထောက်ပြီး စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းရာ ရန်သူနဲ့ထိတွေ့မှုဖြစ်ပွားခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့ပြီး-
ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -(၁) အကြမ်းဖက် TNLA ၂ လောင်း(၂) Type-81 သေနတ် ၂ လက်(၃) ကျည်အိမ် ၅ ခု၊ ကျည် ၁၂၅ တောင့်(၄) တရုတ်လက်ပစ်ဗုံး ၅ လုံး(၅) RPG ဗုံးသီး (ယမ်းတောင့်အပါ) ၂ လုံး(၆) မိုင်း ၁ လုံး(၇) ပြောက်ကျား ယူနီဖောင်း အချို့တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။