ရပ်စောက်မြို့နယ်တွင် အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းများအား ပြည်သူလူထု အန္တရာယ်ကင်းရှင်းစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မိုင်းရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ– ဇန်နဝါရီ ၅ ရက်နေ့တွင် ရပ်စောက်မြို့နယ်၊ ကနိုင်ကြားကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်း(၄)လုံးအား တွေ့ရှိကြောင်း သတင်းပို့သဖြင့် အဆိုပါမိုင်းတွေ့ရှိသည့်နေရာသို့ တပ်မတော်သားများ ၊ပြည်သူစစ်(ဌာနေ)PNO တပ်ဖွဲ့ဝင်များမှသွားရောက်ခဲ့ပြီး ပြည်သူလူထု အန္တရာယ်ကင်းရှင်းစေရန် မိုင်းများအား သက်မဲ့ပြုလုပ်ကာ စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ပါသည်။