အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ကမ္ဘာကျော် သရုပ်ဆောင် ဒန်ဇယ်လ် ဝါရှင်တန်နှင့် ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ်မက်ဆီအပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦးကို အရပ်ဘက် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် Presidential Medal of Freedom ဆုတံဆိပ်များကို ချီးမြှင့်ခဲ့သည်။
အဆိုပါ ဆုတံဆိပ်ချီးမြှင့်သည့် အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် ကမ္ဘာကြီးအတွက် အကျိုးဖြစ်စေခဲ့သူများကို ဂုဏ်ပြုသည့်အနေဖြင့် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။
Presidential Medal of Freedom ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသူများထဲတွင် HIV/AIDS တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သည့် Vogue မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဟောင်း အန်နာဝင်တော၊ U2 ရော့ခ်ဂီတာအဖွဲ့၏ အဆိုတော ဘိုနို၊ စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်၊ ပရဟိတသမားလည်းဖြစ်သည့် ဂျော့ချ်ဆိုရော့စ် တို့လည်း ပါဝင်ခဲ့သည်။
ထို့ပြင် ရုပ်ရှင်သရုပ်ဆောင် မိုက်ကယ် ဂျေဖောက်စ်၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း အက်ရှ်တန် ဘီလ်ကာတာတို့လည်း ဘိုင်ဒင်၏ Presidential Medal of Freedom ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသူများထဲတွင် ပါဝင်ခဲ့သည်။
အဆိုပါ Presidential Medal of Freedom ဆုတံဆိပ်ကို အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ လက်ထက်က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒင်ပေးအပ်သည့် အဆိုပါဆုပေးပွဲသို့ အာဂျင်းတီးနား ဘောလုံးသမားဖြစ်သူ လီယွန်နယ်မက်ဆီ မတက်ရောက်ခဲ့တာကြောင့် ဝေဖန်မှုများလည်း မြင့်တက်နေကြောင်း သိရှိရသည်။