ပြည်တွင်းကထုတ်တဲ့ ဓာတ်ဆီ RON-68 တွေကို နေပြည်တော်နဲ့ မန္တလေးမြို့မှာရှိတဲ့ စွမ်းအင်ဝန်ကြီးဌာနပိုင် ဆီဆိုင်အချို့မှာ ဒေသန္တရပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ ပြည်သူတွေထံ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးနေပြီလို့ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ သိရပါတယ်။
အဆိုပါ ပြည်တွင်းထုတ်ဓာတ်ဆီ RON-68 ဟာ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးမော်တော်ဆိုင်ကယ်တွေအပြင် အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံး မီးစက်တွေ၊ စက်လှေတွေမှာလည်း အသုံးပြုနိုင်တယ်လို့သိရပြီး လက်ရှိမှာ အဆိုပါ ဓာတ်ဆီတစ်လီတာကို ငွေကျပ် ၂၂၀၀ နဲ့ စတင်ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီဓာတ်ဆီတွေကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာနအောက်မှာရှိတဲ့ ဓာတ်ဆီအရောင်းဆိုင်တွေအနက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေးက ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၆၁၁)နဲ့ (၀၆၁၄) တို့ကို ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာဖွင့်လှစ်ပြီး စတင်ရောင်းချပေးခဲ့တာလို့ သိရပါတယ်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဟင်းငုတ်ပင်ဓာတ်ဆီအရောင်းဆိုင်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင် ဓာတ်ဆီအရောင်းဆိုင်တို့ကိုလည်း ယခုလအတွင်း ဆက်လက်ဖွင့်လှစ်ပြီး ရောင်းချပေးသွားမှာဖြစ်သလို ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။𝙈𝙃𝙏𝙉𝙀𝙒𝙎